Blogger Widgets

Sunday, 16 September 2012

***သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ***
အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့
လူဖြစ်နေသလဲ?
လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ
ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ်
တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ်
တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့
သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်
တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့
အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက်
ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ
အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့
အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး
များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ”
လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့
စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့
အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is
Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ
အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့
စကားမျိုးပဲပြောတဲ့

Must be pleasant
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို
မှီငြမ်းရေးသားပါသည်။

website ဆိုတာ



နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ Internet ပေါ်က နေရာလေးတစ်ခု ဖြစ်ပါ တယ်။ Web Page တွေ ပေါင်းစပ်စုစည်း ထားတာကို Website လို့ခေါ်ပါတယ်။ Website တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Internet Connection သာ လိုအပ်ပါတယ်။ ယခုအချိန်မှာ Internet သုံးစွဲသူ အရေ အတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် Show Room တစ်ခုပမာ၊ ကုန်ပစ္စည်း ရောင်းချတဲ့ သူတွေအတွက် ဆိုင် ခန်းတစ်ခုပမာ၊ ဘဏ်လုပ်ငန်းများအတွက် Branch တစ်ခုပမာနှင့် အခြားသော လုပ်ငန်းများအတွက် ရုံးခန်း၊ Reception တစ်ခုပမာ ၂၄နာရီ၊ ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။


Internet ဆိုတာ ဘာလဲ ?

Internet ဆိုတာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေအားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎င်း Computer တွေနဲ့ ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်။ Internet Connection သာ ရှိထားပြီဆိုရင် သင် ၀င်ရောက်ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ၀င်ရောက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။


Domain Name ဆိုတာ ဘာလဲ ?

Domain Name ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ (တစ်နည်းအားဖြင့် Internetပေါ်က) Website တွေရဲ့ ကိုယ်ပိုင် နာမည်လိပ်စာတွေပါ။ တစ်ခုနဲ့တစ်ခု မတူညီရအောင် နည်းပညာပိုင်းအရ ဖန်တီးထားသလို၊ ရှိပြီးသား Domain Name ဖြင့်လည်း Website အသစ်တစ်ခု ဖန်တီးယူလို့မရပါဘူး။ ဥပမာ www.google.com ဖြင့် သင် Website တင်ချင်လို့ မရသလိုပါပဲ။ Google က အပိုင်ဝယ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင် Website အတွက် ကိုယ်ပိုင် Domain Name ဟာ အမှန်တကယ် အရေးပါအရာရောက်လှပါတယ်။


ဘာကြောင့် Website တစ်ခု ရှိထားသင့်သလဲ ?

ဘာကြောင့်လုပ်သင့်သလဲဆိုတော့ စီးပွားရေးရှုထောင့်ကပဲကြည့်ကြည့်၊ နည်းပညာရှုထောင့်ကပဲကြည့်ကြည့် အကျိုးအမြတ်တွေ ရယူနိုင်လို့ပါပဲ။ ကမ္ဘာပေါ်မှာ Internet Website သန်းပေါင်း တစ်ရာကျော်ရှိနေခြင်းဟာ ၎င်းတို့အတွက် သေချာတဲ့အကျိုးအမြတ် တစ်စုံတစ်ရာရှိနေခြင်းကို ဖော်ပြနေ ခြင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Website ရှိတဲ့လုပ်ငန်းဟာ မရှိတဲ့ လုပ်ငန်းထက် တစ်ပန်းအသာရတာ အမှန်ပါပဲ။ တကယ်လို့များ သင့်ပြိုင် ဘက်တွေက Website ရှိပြီး သင့်လုပ်ငန်းမှာကျတော့ Website မရှိသေးဘူးဆိုရင် သင်ဘာလုပ် မလဲ။ ဒါဟာ ကိုယ်ပိုင် Website တစ်ခု ဘာကြောင့်ပြုလုပ်သင့်သလဲ ဆိုတာပါပဲ။


ဘာလို့ Internet Website တွေ ခေတ်စားလာရတာလဲ ?

Website တစ်ခုဟာ Customer တွေအတွက် ၀င်ရထွက်ရ လွယ်ကူသလို ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သွားရလာရတာမရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရတွေ မရှိ တော့တဲ့အတွက် စိတ်အလိုမကျတာတွေ မရှိတော့ဘူး။ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင် တယ် (Website ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကတော့ တိကျဖို့လိုအပ်ပါတယ်)။


Website တွေ ဘာဖြစ်လို့ မအောင်မြင်ကြတာလဲ ?

Website တစ်ခု ဘာလို့ ကျရှုံးရသလဲဆိုတော့ အဓိကအကြောင်းအရာကတော့ တစ်ခုပဲရှိတယ်။ သတင်း အချက်အလက်တွေကို တိတိကျကျ မရယူနိုင် တဲ့အတွက်ပဲဖြစ်ပါတယ်။ ဘာကြောင့် အဲသည်လိုဖြစ်ရသလဲ ဆိုတော့ Website ရဲ့ ပိုင်ရှင်တွေကိုယ်တိုင်က Website တစ်ခုကို သူတို့ရဲ့ အခြား Show Room၊ ဆိုင်ခန်း၊ ရုံးခန်းတစ်ခု အဖြစ် အမှန်တကယ် မရှုမြင်ထားလို့ပဲဖြစ်ပါတယ်။ တစ်ခါလုပ်ပြီး ပစ်ထားတဲ့ Website နဲ့ အမြဲ တမ်းဆန်းသစ်နေတဲ့ Website ဘယ်ဟာက Customer တွေကို အထောက်အကူ ဖြစ်စေမလဲ? အခြားကျရှုံး ရတဲ့အကြောင်းကတော့ Customer တွေ နားလည်ရလွယ်ကူအောင် မလုပ်ထားတာ၊ Use-to မဖြစ်တာပါပဲ။


Website တစ်ခုမှာ Information ပြည့်စုံတာနဲ့ Design သေသပ်လှပတာနဲ့ ဘယ်အရာက ပိုအရေးပါလဲ…?

သတင်းအချက်အလက် တိကျတာနဲ့ ဒီဇိုင်းအပြင်အဆင်ကောင်းတာ ဘယ်ဟာက ပိုပြီး အရေးပါသလဲဆိုတော့ သတင်းအချက်အလက် တိကျတာက ပိုအရေးပါ အရာရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျအန ပြင်ဆင်ထားပြီး ဆက်ဆံရေးမကောင်းတဲ့၊ အရောင်းအ၀ယ် မလုပ်တတ်တဲ့၊ ဆက်ဆံရေးမပြေပြစ်တဲ့ Show Room၊ ရုံးခန်းတစ်ခုလိုပါပဲ။ အပြင်အဆင်က အရေးပါသလို၊ သတင်းအချက်အလက် တိကျသေချာဖို့ ပိုပြီး တော့ အရေးပါလိုအပ်ပါတယ်။ နှစ်ချက်စလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။


သင့် Website ရဲ့ Address ကို သင့် Customer တွေ ဘယ်လိုသိနိုင်မလဲ ?

သင့် Website ရဲ့ Address (Domain Name)ကို Customer တွေသိရှိစေဖို့အတွက် သင့်ရဲ့လိပ်စာကဒ်၊ ဆိုင်းဘုတ်တွေ အပါအ၀င် ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ Voucher တွေ၊ ကုန်ပစ္စည်းတွေမှာ ထည့်ထားနိုင်ပါတယ်။ Customer တွေနဲ့ ရင်းနှီးနိုင်သမျှ ရင်းနှီးလာအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Search Engine တွေမှာ ရှာတွေ့နိုင်အောင် စီစဉ်ထားဖို့ပဲ ဖြစ်ပါတယ်။


သင့် Website ကို ဘယ်လိုဖန်တီးထားသင့်သလဲ ?

သင့်ရဲ့ Website ကို Show Room ဒါမှမဟုတ် ရုံးခန်းလို့ သင်သဘောထားမယ်ဆိုရင် သင့် Website ရဲ့ အပြင်အဆင်၊ နေရာချထားမှုတွေ ဘယ်လောက်အရေးပါသလဲဆိုတာ သင်နားလည်ပါလိမ့်မယ်။ ဒါကြောင့် အရောင်ရွေးချယ်မှုကအစ သတင်းအချက်အလက်တွေ အားလုံးကို စနစ်တကျ အစီအစဉ်ကျနစွာနှင့် မှန်ကန်တိကျစွာ ဖော်ပြပေးထားရမှာဖြစ်ပါတယ်။ Customer တွေ အလွယ်တကူ နားလည်လွယ်အောင် ဖန်တီးထားရမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ Show Room၊ ဆိုင်ခန်းတစ်ခု တည်ဆောက်ပြီးသွားရင် ၀န်ထမ်းရေးရာကအစ နေ့စဉ်နှင့်အမျှ ထိန်းသိမ်းပြုပြင်စရာတွေ အများကြီးရှိပေမယ့် Website တစ်ခုမှာတော့ အဲဒီလောက် မလိုအပ်တော့ပါဘူး။ အရေးအကြီးဆုံးတစ်ချက်ကတော့ ပုံမှန် Update လုပ်သွားဖို့ပါပဲ။ သင့် Website အပေါ် Customer တွေက စိတ်ဝင်စားမယ့်အပြင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။


Website တစ်ခု ဘယ်လိုတင်လို့ရလဲ? Website တင်တယ်ဆို ဘာလဲ ?

ကိုယ့်ရဲ့ Website ကို ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Internet User တွေ ကြည့်ရှုနိုင်ဖို့အတွက် Web Server တွေဆီမှာ Host လုပ်ရပါတယ်။ တစ်နည်းအားဖြင့် နေရာယူရပါတယ်။ အဲဒီလိုနေရာယူဖို့အတွက် Web Hosting Service ပေးတဲ့ Company၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ Web Hosting Service ပေးနေတဲ့ အများစုကတော့ Domain Name ၀ယ်ယူတာ (Registration လုပ်တာ)၊ ဒီဇိုင်းချပေးတာ၊ Website ဖန်တီးပေးတာအပါအ၀င် Web Hosting Service ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Website တစ်ခု တင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင် နည်းပညာပိုင်းအရ တတ်ကျွမ်းစရာမလိုဘဲ သင့်တင့်မျှတတဲ့ ကုန်ကျစရိတ်နဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မိမိဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက သတင်းအချက်အလက်တွေ မှန်ကန်တိကျဖို့၊ အစီအစဉ်တကျဖြစ်ဖို့နဲ့ ပုံမှန် Up-to-date ဖြစ်နေဖို့ပဲ ဖြစ်ပါတယ်။

Thursday, 30 August 2012

ပန်းနုရောင်ပြက္ခဒိန်လေးရဲ့ နေ့စွဲများ



(၁)
ကမ္ဘာကြီးက ဆံပင်ရှည်ရှည်တွေကို သပ်ဖယ်ကြည့်တဲ့ ည ....
ပိုး..ကို ကျွန်တော် သတိရလိုက်တာ..
လရောင်ဆမ်းတဲ့သူ့မျက်နှာ ရှင်းသန့်ထုံသင်း
ပွင့်ဖက်တွေနဲ့ ခပ်ဖွဖွ ပစ်နေကြတယ်။

ရင်ခွင်အစစ်မှာ ဟန်ဆောင်တတ်သူတစ်ယောက် ..
ကိုယ့်အချစ်ကိုယ် ပခုံးပေါ်တင် သွားနေတယ်
ကျွန်တော့်အတွက်တော့ ပိုးရဲ့ရင်ခွင်ဟာ ..ဝင်ခွင့်မရသေးတဲ့ မြို့တော်ပါပဲ...
ဘယ်နေ့လဲ ...ဘယ်တော့လဲ...။
အခုရော ...ဘယ်လိုလဲ...။

နှင်းဆီဆူးချွန်တွေ အဆိပ်ပြင်းပြင်းတောက်...
သူ့ရင်ခွင်ကို စောင့်ရှောက်ထားကြလိမ့်မယ်။
ဝေးရာကိုသွား
အဝေးဆုံးမှာနေ....

(၂)
ကျွန်တော် မှတ်ထားသမျှ
ပိုးရဲ့.. အမြင် အကြည့်တွေက သိပ်ဖော်ရွေလွန်းတယ်။
ရယ်သံတွေလွှမ်း ၊ ပျော်စရာတွေကမ်း
သူ့နှုတ်ခမ်းလွှာလေးတွေ ဖွင့်ဖူးတာ မမြင်ဖူးအောင်...
လက်ကလေးနှစ်ဖက်နဲ့ ရုန်းအုပ်ခဲ့ဖူးတယ်။

အချစ်က သတိရခြင်းကို တွန်းပို့
အချိန်အထပ်ထပ်တိုင်အောင် လွမ်းရစေသလို
ပိုးက
ကျွန်တော့်ညကို တစ်ပြင်လုံးခင်း ပုံရိပ်တွေနဲ့ ခြေဆင်းနေထိုင်တယ်။

မာနမကပ် ၊မုသားမတွယ်၊ မေတ္တာရေကြည်စက်နဲ့
အို....ပိုးရေ
မျက်ရည်ကျတဲ့လက်တွေနဲ့ ဗုံတီးခဲ့ရုံသာမက
သူမအတွက် ကျွန်တော့်ရင်ခွင်
လွင်ပြင်တစ်ခု ဖြစ်ပေးခဲ့တယ်။

"ချစ်ရသူ" အမည်တပ်
ရေဝင်ပြေးလှည့် ရေအေးကြည်သာ
ကန်ပိုင်မာလျက် ကြိုနေပြန်တယ်။

(၃)
အိပ်မက်က ညထဲတိုးဝင်သွားပီး
လူက အိပ်ရာပေါ်ကျန်နေခဲ့တယ်။
ကျွန်တော့်အတွက်
သူ့ရင်ဘက်ကို ကျွန်တော်ပြန်မက်လို့မရဘူး။
ကျွန်တော့် "ပိုး"ကို နားချပေးကြပါ။

အနာဂါတ်မှာ ရုပ်ကြွင်းပြစရာမရှိတဲ့
အရေပြားတစ်ထောက်စာ လူချွန်တစ်ဦးက
ပိုး ရင်ခွင်ကို ကျွန်တော့်အရင်ယူသွားတယ်။

အူနုခွေဝမ်းဗိုက်ထက် ကျွဲခတ်ခံရသလို
စိတ်မာန်ပြင်းပြင်း မုန်တိုင်းဆင်လာတယ်။
စကားလုံးနဲ့တားတား စည်းနဲ့ခြားခြား
ရင်ဘက်ပေါ်က မြတ်နိုးခြင်းက မပျက်ပြယ်သွားပါဘူး။
ဒါပေမဲ့ပေါ့...ပိုးရယ်

(၄)
ပိုးမှာ...နာကျင်နေရတဲ့ ချစ်ခြင်းဒဏ်ရာတွေ
တေးသွားမှိုင်းမှိုင်းကြီးတွေနဲ့ ရှိနေတယ်။

ကျွန်တော်ကိုယ်တိုင်က ဒဏ်ရာတွေ ပွေ့ပိုက်ထားသူ
သူ့ကို ထူလို့ မကူညီပေးနိုင်ခဲ့ဘူး။

ပိုးမှာ....
သစ္စာကို မသိ၊ ချော့မြှူခြင်းမရှိ၊ သွားမယ့်လမ်းမတူ
သူချစ်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။

ပိုးဟာ...
အနုပညာနဲ့ မဖော်ပြနိုင်စွမ်းတဲ့ အလွမ်းခန်းတွေကို
ရင်ဘက်နဲ့ ဝတ်ဆင်ထားသူဖြစ်တယ်။

ပိုးက....
အခြားသော မိန်းခလေးတွေထက် ပိုမထူးခြားပါဘူး။
လိပ်ပြာတော့ ပိုလှချင်လှမယ်။
ကျွန်တော်ကလည်း ချစ်ခဲ့တယ်လေ။

(၅)
လွန်ခဲ့တဲ့ တစ်လကျော်
မိုးပက်မှာစိုးလို့ သူ့ဆိုင်ခန်းလေးဝိုင်းပြင်တော့
ပိုးရဲ့ ရယ်သံလေး ချိုချိုတေးပေါ့။

စိတ်လိုရင် ကဗျာတွေစပ်
ရင်ဘက်ကိုဆွဲဖွင့် နံရံတွေ ဖြိုဖျက်
ကျွန်တော့်ရင်ခုန်သံအတက်အကျ
စာရွက်ပေါ်မှာချပြခဲ့တယ်။

ပိုးက စကားတစ်လုံး ပြန်ပြောလာရင်
တည်ငြိမ်မှုကင်းစင်
လောကကြီးက ရှိသမျှသောအပြုံးတွေ
ကျွန်တော့်မျက်နှာပေါ် အကုန်ရောက်လာကြတယ်။

"သူစိမ်းတစ်ယောက်ပါ" တဲ့
လွဲချော်နေတဲ့ ရင်ငွေ့တစ်စုံနဲ့ ကျောက်သားထက်ငေးငိုင်
ကျွန်တော်ကလည်း အချစ်ကြီးခဲ့တယ်။

ကျွန်တော့် အလွမ်းဇာတ် ဝင်္ကပါပတ်ခဲ့ပေါ့။

(၆)
မျှော်လင့်မထားတဲ့ မနက်ဖြန်ကို ဖွင့်ကြည့်ဖို့
ပန်းနုရောင်ဓားသွားတစ်လက်က လိုနေခဲ့ပီ။

ကျွန်တော်က ဗြီလိန်ကြီးလုပ်၊ သူမက သီတာဒေဝီမင်းသမီးလုပ်
သူ့အချစ်ကို ရယူလိုသူ သရုပ်နဲ့
လေးကိုင်းကြီးကို ကျွန်တော့်စိတ်နဲ့ "မ"တင်ကြည့်ဖူးတယ်။

ကျွန်တော့် အလင်းဆန်ဆန်ပြတိုက်ကြီးရဲ့ သူရဲကောင်းက
ရာဝဏပါပဲ
ရာဝဏဘက်ကအားပြု၊ ရာမကို အမုန်းမကျေ၊ ကျိတ်ခွဲ
ကျွန်တော့်ရင်ဘက် ရာဝဏလို မြှားအစင်းစင်း စိုက်ခဲ့ပြန်တယ်။

ပိုးက သတိမရ...ကျွန်တော်က သတိရ
ကျွန်တော် သတိရလည်း ပိုးမသိ...ကျွန်တော်ပဲသိ။

ဇာတ်ဝင်ခန်းလေးတစ်ခုက ပြောတယ်
"တမ်းတသူက လွမ်းရမြဲ"တဲ့။

(၇)
ဒဂါင်္းပြားလေးမှာ ခေါင်းနဲ့ပန်းကပ်ထားတာကမှ ဝေးဦးမယ်
ကျွန်တော်က ပိုးနဲ့နီးကပ်နေချင်တာ မလွဲမသွေပေါ့..။

သူငယ်ချင်းတွေ ဖတ်တဲ့နမိတ်နဲ့ ပိုးရင်ထဲက ပုံဖမ်းကားချပ်
လွဲမှားနေတာ ဘာဖြစ်လို့လဲ...
ကျွန်တော်နဲ့ ပြက္ခဒိန်များ တရွေ့ရွေ့ဝေးသွား။

ကျွန်တော်က ပန်းကိုလိုလို့ အပင်ပျိုးသူ..
ရေလောင်းလိုက်၊ ပေါင်းသင်လိုက်
စိတ်ကူးထားတဲ့ မွှေးရနံ့မျိုး၊ ပွင့်ဖက်မျိုး
လေပြေရိုင်းတွေနဲ့က မသေချာ။

ဘီလူးတွေနဲ့ ခဏခဏတိုက်တယ်
ခြင်္သေ့တွေနဲ့ ခဏခဏကိုက်တယ်
အဲ့သလိုနဲ့...
ပတ်ဝန်းကျင်အမြင်မှာ ကျွန်တော်ဟာ လူမိုက်ကြီးဖြစ်လာတယ်။
ဗြီလိန်တစ်ယောက်ရဲ့ စစ်ရထား မြှားကာတွေဖွင့်လို့
လက်နက်လေးမြှားတွေ
တစ်စင်းတစ်လက်စီ ရင်ခွင်ကို နင်းဖြတ်စေသည်....။

(၈)
တစ်နေ့သောအခါက....
ဆံပင်ခပ်ဝဲဝဲလေးကို ဆည်းဆာလိုအုပ်ရုံထားတဲ့
ဒဏ္ဍာရီဆန်တဲ့အလှ
ကျွန်တော့်ရင်ကို အနီသွေးခြယ်ချတယ်။
ကျွန်တော်...
မျှော်ယောင်ဖူးမော်၊ ဘောင်ခတ်မျက်ဝန်း
ရွှေသမင်သည်သာ ရှုံးနိမ့်သွားရမြဲ...

ပိုးဟာ...
ကျွန်တော်လျှောက်မယ့်အနာဂါတ်မှာ အိမ်မက်ရဲ့သမီးပျိုဖြစ်တယ်။

ရင်ခုန်လှိုက်မော၊ သွေးလွန်နေတဲ့ ဇရပ်ပျက်
တေးသီချင်းမဆို
ကျွန်တော် တွေးရင်းငိုတယ်။

ပိုးရယ်...
လူတစ်ယောက်က မြစ်ကို ဘယ်နှစ်ခါ ဖြစ်ကူနိုင်မှာလဲ...
ဆိုစကား.......

ကြမ္မာကံရဲ့ အရေး၊ အဖတ်၊ အပြော
သဘာဝလို ဝတ်ရုံ
ကံထမ်းလာတာ မမြင်ရ
လှံထမ်းလာတာကို ကျွန်တော်မြင်နေရ။

ပိုးရဲ့ အမူရာတို့က....
ကိန္နရီကိန္နရာတို့ ကသလို တစ်ဖြည်းဖြည်းနဲ့ လွင့်ပျံလှပလာနေခဲ့။

(၉)
ကန္တာရသစ်ပင်တန်း ခြောက်သွေ့သွေ့ပူဇော်
ဂျစ်ပစီတစ်ယောက်ရဲ့ မှာတမ်း
ဓားကိုလည်းဆုပ်ကိုင်ရင်း လမ်းကိုလည်းပြတင်းဖွင့်ရင်းလာခဲ့...

ပိုးဟာ
မီးတောက်တွေ အညွန့်တလူလူထတဲ့ တေးဂီတကို
ပေါက်ကွဲအားတွေနဲ့ ပေါင်းစပ်
စိတ်ဖြေရာ နာဆင်တတ်တယ်။

"ပိုး ချက်ကျွေးမယ့်
ထမင်းတစ်လုပ် တုတ်တစ်ချက်
ကျွန်တော် လက်ပိုက်ရပ်ပီးစားမယ်။"

သစ်ပင်က
သူ့အကိုင်းကသစ်သီး ရင့်မှည့်နေပီလို့ ထင်နေတုန်း
ခုန်ချလိုက်ရအောင်လေ...

အလင်းရောင်မဲ့စွာ ကျွန်တော်ရှိရာကမ္ဘာ
အမှောင်တွေလှည့်ကွပ်
အညတရကြယ်လေး ဖွေးနေအောင် ပွင့်ထွက်...။

(၁၀)
ပိုးရေ....
"၁။ကိုယ်ကလည်း ချစ်ရမယ်။
၂။ကိုယ့်ကိုလည်း ပြန်ချစ်အောင်လုပ်တတ်တယ်။
အဲ့တာမျိုးကို မိန်းမလို့ခေါ်တယ်" တဲ့

ကျွန်တော့် ...နေရောင်မှာဖွေးတဲ့ ဓားသွား ..လရောင်နဲ့အေးတဲ့ မေတ္တာ
မြင်းမိုရ်တောင်ကိုဖြို
ပိုးကို အကောင်းမြင်စိတ်နဲ့ ကြိုလို့နေမယ်။

နေ့ ည အသင်္ချေ
နှလုံးသား၏ အမြင်အာရုံကို ပဝါဖြူဖြူစည်း
ပိုးတစ်ယောက်ကိုပဲ ချစ်တတ်စေသတည်း.....။

မြစ်ရေချစ်ခြင်း အစုန်အဆန်ဆင်း
မြစ်ရေချစ်ခြင်း အစုန်အဆန်ဆင်း

တိကျသေချာနေတဲ့ စုတ်တီးစုတ်ပဲ့နံရံ
ပုံရိပ်စစ်တွေ အန်တယ်။
ပန်းချီဆေးတံ၊ မိုးတစ်ဆုံးလေတစ်ဆုံး ကင်းဘတ်တစ်စ
တိမ်ရုပ်တွေ ပျံသန်းကျတယ်..။
ပိုးရယ်...

(၁၁)
ပိုးဟာ....တခါးတွေကို နာရီနဲ့ပိတ်
ညမှောင်ရင် အပြင်မထွက်တတ်တဲ့ မိန်းခလေးမျိုးဖြစ်တယ်။

ဆေးစွဲနေတဲ့ သစ်ပင်အိုကြီးမှာ ရွှေဝါရောင်လေးပွင့်နေသလို
ယဉ်ကျေးမှုခေတ်ပျက်ထဲ
ပါးကွက်ကြားအိုလေး ကျောက်ပြင်သွေး လိမ်းခြယ်။

ပိုးရဲ့ ဘာသာဗေဒကို
သီအိုရီနဲ့တွက်တွက်၊ ကဗျာနဲ့ကျက်ကျက်
အဓိပါယ်ကို ဘယ်လိုရှာရှာမတွေ့ခဲ့။

ကျွန်တော်.
နံနက်ခင်းကို မရတော့ပေမဲ့ ရောင်ခြည်စက်ကို ပိုင်သေးတယ်။
လင်းတောက်ဖြာဖြာ
ဆောင်းတစ်ကြိမ်....မိုးတစ်ကြိမ် အသက်နဲ့လဲလို့ ရဲရင့်ပြနေ...။

(၁၂)
ပိုးရဲ့ ဥပါယ်တံမျဉ်မှာသာ
ရေခဲမြစ်ကိုထိုးခွဲတူးဆွ.. မိုးအလင်းအိပ်စက်
တွေ့ဆုံခြင်းကြိုးတစ်စမှာ ခွဲခွာရန်တွေသီချပစ်ခဲ့...။

ရင်ဘက်ကို ဖွင့်ကြိုရုံကလွဲလို့
ဖော်ရွေမပြတတ်ဘူး...
ဝေးကွာ....
ရောက်မလာ...အဝေးမှာ။

မျှော်လင့်ခြင်းတွေက ဘယ်အရာမှ တိမ်ပမသွားဘူး။
လက်တွေထဲ ကောက်ရိုးတစ်မျှင်စ တလဲ့လဲ့ရှင်သန်ချည့်နှဲ့..
ကြေမွသွားအောင် ဆွဲငင်..အားအင်...

ပိုးရဲ့အနာမှာ... လိပ်ပြာတစ်ကောင်လိုသာ ရစ်ဝဲနေချင်တော့တယ်။

(၁၃)
လမ်းတွေကို လျှောက်နေတဲ့ ခြေထောက်တွေ အိုဟောင်းသွားရင်
နောင်နှစ်ပေါင်းများစွာကို ရောက်မယ်။
နှင်းဆီဆူးသွား အဆိပ်ပြင်းပြင်းတောက်နေတဲ့ရင်ခွင်ကို
သံကျောက်တွေနဲထုလုပ်ထားတဲ့ လူတစ်ဦးလာမယ်။

ချစ်ခြင်းကိုမသိ၊ သံယောဇဉ်ကိုမတွယ်တာ
အဲ့လူဟာ ငါပေါ့ ပိုးရယ်...
ပြန်လည်တွေ့ဆုံခွင့်တွေကို ဘုံအထပ်ထပ်မှာ ဆုတည်လို့ရမလား။
ငါ့ရှေ့မှာ မျဉ်းပြိုင်တွေ အနတ္တအကွာအဝေးကို ဆုတ်ခွာပြေးကြတယ်..။

ချစ်သူ့ရင်ခွင်
ချစ်သူ့ဥပေက္ခာ

နက္ခတ်တာရာနတ်မင်းတွေက
ငါ့လက်ဖဝါးပေါ်မှာ အက်ကြောင်းရှည်တွေမန်းမှုတ်
ကျွန်းကြီးတစ်ကျွန်းလုပ်လို့ ဖန်းဆင်းထားပစ်ခဲ့ကြလို့သာပေါ့..။

ပိုးရယ်...

ပြသဒါးတစ်လှည့် ရက်ရာဇာတစ်လှည့်
ကိုယ်စီ နန်းတက်ကြတဲ့
ပန်းနုရောင် ပြက္ခဒိန်လေး
ရင်ကွဲနာတွေကို တန်း စီ လို့ ချ ရေး ထား ခဲ့ ပီ ......။

+++++++++++++@ညရိုးရာ++++++++++++++
(ပြိုင်ပွဲဝင်ကဗျာ)

Monday, 13 August 2012

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်  

အသေးစိတ်ဖတ်ရှုရန် => ဒီနေရာ <= ကိုနှိပ်ပါ။


မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်
ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။

အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။


ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါခင်ဗျာ။
မှ့ယူတင်ပြသည်။

Friday, 3 August 2012

Photoshop CS4 သင်ခန်းစာများ

overonline: photoshop lessson လေးတွေကိုများများတင်ပေးစေချင်ပါတယ်

ဒါကတော့ Photoshop ကျွမ်းကျင်လိုသူတိုင်းအတွက် အထူးပဲသင့်လျှော်ပါတယ် .. CS4 အသုံးပြုနည်းပါ .. သင်ခန်းစာတွေအများကြီးပါပါတယ် . အဆင့်မြင့် လက်တွေ့သင်ခန်းစာများဖြစ်ပါတယ် .. စိတ်ဝင်စားရင် Download လုပ်ယူနိုင်ပါတယ် . ရောင်းဈေး $149.95 ရှိပါတယ် . မူလလင့်မှာ သွားကြည့်နိုင်ပါတယ် .. (url : http://store.lynda.com/productinfo.aspx?productid=758 )

Download rapidshare - Part(1)Part(2)Part(3)Part(4)Part(5)Part(6)

မျိုးသူရရေးထားတဲ့ (Internet for young starter)


ဒါကတော့ ဆရာမျိုးသူရရေးတဲ့ ..............
နေ့စဉ်သုံးအင်တာနက် (အင်တာနက်စတင် သုံးစွဲသူများအတွက်)
ဆိုတဲ့ စာအုပ်လေးပါ !!

(1) email
(2) Create New Gmail Account
(3) New Account ဆောက်စဉ်အခက်အခဲများ
(4) e-mail ပေးပို့ခြင်း
(5) e-mail Attach တွဲပို့ခြင်း အစရှိတဲ့ အကြောင်းအရာမျိုးစုံနှင့် search Engine

အကြောင်း တွေကိုပါ ရေးသားထားတာကို တွေ့ရမှာပါ .. ဆရာမျိုးသူရနဲ့ ဦးဇော်လင်းတို့ ဆိုတာ တစ်ကယ်တော့ ကျွန်တော်တို့ကို မျက်စိဖွင့်ပေးတဲ့ ရှေ့ဆောင်လမ်းပြတွေပါ ..သူတို့တွေ ထုတ်တဲ့ စာအုပ်တွေကို နားလည်သလောက်ဖတ်ပြီးတော့မှ ကွန်ပျူတာကို တတ်ကျွမ်းကျင်ခဲ့တဲ့စိတ်တွေ ဖြစ်ပေါ်လာခဲ့တာပါ .. အခု ကျွန်တော် sharing ပြန်ခွဲပေးထားတဲ့စာအုပ်လေးကို အင်တာနက် စသုံးတဲ့သူတွေအတွက် တစ်ကယ်မလိုဘူး လိုတယ်ဆိုတာကို ဖတ်ပြီးလို့ စာရွက် ၅ ရက်မပြည့်ခင် သိပါလိမ့်မယ် . ဒီစာအုပ်ဖြစ်လာအောင် scanner ဖတ်ပြီး ပင်ပင်ပန်းပန်းလုပ်ခဲ့တာ ဘယ်သူဆိုတာကို မသိပေမယ့် တစ်ကယ်ကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲတင်ပါတယ် .. ကျွန်တော်က အခုလက်ရှိ မြန်မာပြည်မှာ မရှိတော့ အဲ့ဒီ့အလုပ်ကို လက်လှမ်းမမီတာ တစ်ခုပါပဲ . တစ်ကယ်လို့သာ မြန်မာပြည်မှာရှိခဲ့ရင် နေ့တိုင်း scanner နဲ့ ကို ခွါမှာမဟုတ်ဘူး.. အဲ့ဒါ ကျွန်တော့်စိတ်ထဲက အရှိအတိုင်းပြောတာပါ ..

Download mediafireDownload ifile.itDownload rapidshareDownload megauploadDownload 4shared 
(မြန်မာမိသားစုဖိုရမ်မှ AZM တင်ထားသော စာအုပ်အား ပြန်လည် Download လုပ်ယူထားသော စာအုပ်ဖြစ်ပါသည်။)

ဦးအေးကိုကို B.E (Electronics)ရဲ့ Teach yourself


ဦးအေးကိုကို B.E (Electronics)ရေးတဲ့ အကောင်းဆုံး ကွန်ပျူတာ ပြုပြင်ခြင်း အခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ပြုပြင်ခြင်း မှတ်တမ်းများ ဆိုတဲ့ စာအုပ်ကလေးပါ .. အရမ်းကို တန်ဖိုးရှိပါတယ် . အခုတင်ပေးတဲ့ စာအုပ်တွေဟာ hardware ပိုင်းကို စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှစ်မများအတွက် ရည်ရွယ်ပါတယ် . ကျွန်တော်ကိုယ်တိုင်လဲ hardware ပိုင်းကို အရမ်းစိတ်ဝင်စားသလို တစ်ကယ်လဲ လက်တွေ့လုပ်ခဲ့ပါတယ် . အခုစာဖတ်တဲ့ သူငယ်ချင်းတွေထဲမှာတောင် ကျွန်တော်နဲ့ အပြင်မှာ တစ်ကယ် ပတ်သက်ခဲ့ဖူးတဲ့သူတွေ ရှိကောင်းရှိနေမှာပါ . နောက်ပိုင်း ကျွန်တော် hardware နဲ့ပတ်သက်ပြီး ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြသွားပါ့မယ်

အခုတော့ တင်ပေးထားတဲ့စာအုပ်လေးတွေကို အားပြုပြီး Download လုပ်သွားကြပါဦး . Hardware နဲ့ software ပိုင်းမှာ ဘယ်ဟာက ပိုခက်လဲလို့တော့ မမေးပါနဲ့ . နှစ်ခုလုံးဟာ ခက်ခဲကြတာပါပဲ . ကျွန်ပျူတာကို ဘယ်လိုကိုင်တွယ်မယ် . ဘယ်လိုပြဿနာတွေကို ဖြေရှင်းမယ်ဆိုတာဟာ ပုံသေနည်းမရှိသလို . တသမတ်တည်း မကျပါဘူး . ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ရတဲ့ အလုပ်တစ်ခုဟာ hardware ပါပဲ . ဒီစာအုပ်လေးကို လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ .. ကျွန်တော့်ကို ခင်တယ်ဆိုတဲ့သူငယ်ချင်းများအားလုံး အခုအချိန်မှာ ကွန်ပျူတာ hardware ပဲဖြစ်ဖြစ် software ပိုင်းပဲဖြစ်ဖြစ် တစ်ကယ်ကို စိတ်ဝင်စားတယ်ဆိုတဲ့ ညီအစ်ကိုများ မေးမြန်းနိုင်သလို ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ. လက်လှမ်းမှီ သလောက်ပေါ့ . ဒါပေမယ့် တစ်ခါတည်း စကားတစ်ခုတော့ ကြိုတင်ပြီး တောင်းပန် ထားချင်ပါတယ် . ကျွန်တော့်ကို ခင်တယ် ချစ်တယ်ဆိုရင် . ဘယ်တော့မှ hacking နဲ့ပတ်သက်တာတွေ မမေးဖို့နဲ့ . သူများမေးလ်တစ်ခုရဲ့ passward ကို ဘယ်လိုရယူရမလဲဆိုတဲ့ မေးခွန်းမျိုးကို မမေးဖို့ ကြိုပြီး တောင်းပန်ထားချင်ပါတယ် . တစ်ခြားပတ်သက်တာတွေ မေးနိုင်မြန်းနိုင်ပါတယ် . သူငယ်ချင်းတို့လိုပဲ တစ်ချိန်က chatting ဆိုတာကို စိတ်ဝင်စားခဲ့တယ် . ပျော်ခဲ့တယ် . အခုအချိန်မှာ ကျွန်တော့်စိတ်ကူးထဲမှာ ကွန်ပျူတာတိုးတက်ဖို့နဲ့ ဒီ့ထက်ကျွမ်းကျင်ဖို့ဆိုတဲ့ စိတ်ကူးတစ်ခုတည်းပဲ ရှိတော့တာပါ . သူငယ်ချင်းတို့လဲ တန်ဖိုးမရှိတဲ့ chatting မှာ တစ်နေ့လုံးထိုင်ပြီး စကားပြောနေတာတွေကို ရပ်တန့်ပြီး နည်းပညာပိုင်းတွေဘက်ကို လိုက်ပြီးလေ့လာလိုက်ပါ . တိုးတက်လာပါလိမ့်မယ် . အချိန်မှီပါသေးတယ် . နည်းပညာဆိုတာ ပြီးပြည့်စုံသွားတယ်ဆိုတာ မရှိသလို . ပြီးစီးသွားတယ်ဆိုတာလဲ မရှိပါဘူး ..

Download ifile.itDownload megauploadDownload mediafireDownload rapidshareDownload 4shared

ဆရာဦးဇော်လင်းရေးတဲ့ ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details)

စာရေးသူ :>> ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် :>> ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ ဆိုတဲ့ စာအုပ်လေးပါ ..

ကွန်ပျူတာအကြောင်း အသေးစိတ်သိလိုသူများအတွက်ပါ .. ဘယ်စာအုပ်ပဲဖြစ်ဖြစ် ကိုက သိသလိုလိုရှိပေမယ့် တစ်ကယ်ဖတ်ကြည့်မှ မသိသေးတဲ့ အကြောင်းတွေ ဖြစ်နေတတ်ပါတယ် . အောက်မှာ အဆင်ပြေတဲ့ Link ကနေ Download လုပ်ယူလိုက်ပါ ...

Download megaupload ၊ Download ifile.it ၊ Download rapidshare ၊ Download mediafire ၊ Download 4 shared စာရေးသူ :>> ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် :>> ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ ဆိုတဲ့ စာအုပ်လေးပါ ..

ကွန်ပျူတာအကြောင်း အသေးစိတ်သိလိုသူများအတွက်ပါ .. ဘယ်စာအုပ်ပဲဖြစ်ဖြစ် ကိုက သိသလိုလိုရှိပေမယ့် တစ်ကယ်ဖတ်ကြည့်မှ မသိသေးတဲ့ အကြောင်းတွေ ဖြစ်နေတတ်ပါတယ် . အောက်မှာ အဆင်ပြေတဲ့ Link ကနေ Download လုပ်ယူလိုက်ပါ ...

Download megauploadDownload ifile.itDownload rapidshareDownload mediafireDownload 4 shared

Mail server ပြုလုပ်နည်းနှင့်အသုံးပြုနည်းစာအုပ်


email server ကို ဘယ်လိုပြုလုပ်ရမယ်၊ ဘယ်လိုအသုံးပြုရမယ် ဆိုတာကို ဓါတ်ပုံတွေနှင့် ရှင်းပြထားသော စာအုပ်လေးဖြစ်ပါတယ် . ဘယ်သူရေးထားတယ် ဆိုတာတော့ မသိပါဘူး.. လေ့လာချင်တယ် ဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာ သွားပြီး Download လုပ်လိုက်ပါ ..E-mail သည် Electronic Mail ဖြစ်ပြီး IT နယ်ပယ်တွင်သာမက Internet ပေါ်မှာပါ ဆက်သွယ်ရေးစာတိုက်ပုံးအဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။

Internet Facility များထဲတွင် အသုံးအများဆုံးနှင့် ရေပန်းအစားဆုံး ၀န်ဆောင်မှုဖြစ်ပါတယ် .. အခြားသော ဆက်သွယ်ရေးနည်းပညာများနှင့် နှိုင်းယှဉ်ပါက online ဖြစ်သဖြင့် ချက်ခြင်းပို့လွှတ်ခြင်း (သို့) လက်ခံရယူခြင်းများ ဆောက်ရွက်နိုင်ခြင်း၊ တစ်ချိန်တည်း အကြောင်းအရာတစ်ခုအား လက်ခံမည့်သူအများအပြားပေးပို့နိုင်ခြင်း၊ စာများသာမက ရုပ်ပုံများကိုလည်း Attach လုပ်ပြီးပေးပို့နိုင်ခြင်း၊ မိမိလက်ခံရမည့် Email အား internet ချိတ်ဆက်ထားသော မည်သည့်နေရာတွင်ရှိ computer မှမဆို လက်ခံနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းများ သာလွန် ကောင်းမွန်ပါသည်။

Download ifile.itDownload mediafireDownload rapidshareDownload megauploadDownload 4share 

PHPBB (ဖိုရမ်တစ်ခု တည်ဆောက်ခြင်း)

php: php အကြောင်းမြန်မာလို့ရေးထာတာများမရှိဘူလားခင်ဗျား ဒါမှမဟုတ် အသုံးပြုပုံပြောပြပါလားခင်ဗျား
ကိုယ်ပိုင် ဖိုရမ် တစ်ခုတည်ဆောက်ခြင်းကို ကိုဖိုးလပြည့်ရေးပေးထားတဲ့ မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ် .. မြန်မာလိုရေးထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . စိတ်ဝင်စားသူများအတွက်ပါ ..
Download ifile.itDownload megauploadDownload rapidshareDownload 4shared Download mediafire

Dreamweaver CS4 Light (portable)


Dreamweaver CS4 Build world-class websites and applications with one of the industry's leading web authoring tools. Adobe Dreamweaver CS4 software is ideal for web designers, web developers, and visual designers. (46 MB)
ဒီကောင်လေးက MB နဲနဲလေးနဲ့ဆိုတော့ အလုပ်ဖြစ်တယ်လေ . နေရာသိပ်မယူဘူး . အဆင်ပြေကြမယ် ထင်ပါတယ် .. အဆင်ပြေတုန်းလေး ဒေါင်းထားလိုက်ကြပါ . လင့်တွေလုံးဝမရဘူးဆိုရင်တောင် nyinaymin.net လင့်ကနေ Download လုပ်ပါ . မြန်မာပြည်ကလဲရပါတယ် . ကျွန်တော့်ကိုယ်ပိုင် hosting ကနေ တင်ထားပေးတာပါ .


Download megauploadDownload ifile.itDownload mediafireDownload 4shared

visual basic 6.0

ကျွန်တော့်အမည် လှမင်းထိုက်ပါ ကျွန်တော် Visual Basic programming software ကို ကီးနဲ့ပါ အပြည့်အစုံလိုချင်လို့ပါ အစ်ကို

visual basic 6.0 sp6 is a self-extracting executable file that installs the latest versions of the Microsoft Visual Basic run-time files that are required by all applications that are created with Visual Basic 6.0. The files include the fixes that are included with Visual Studio 6.0 Service Pack 6.

Virtual Basic 2008 ကိုလိုချင်ရင်တော့ ဒီမှာ ပေးထားပြီးသားပါ .
Download rapidshare
Part(1)Part(2)Part(3) (Pass: http://www.farkliyiz.com)
Download ifile.it

Adobe pagemaker 7.0 (မြန်မာလို)


Pagemaker ကတော့ ဒီဇိုင်းလုပ်သူတိုင်း၊ ဂျာနယ်ဒီဇိုင်းဆွဲသူတိုင်း၊ စာစီစာရိုက်လုပ်နေသူတိုင်း မသိတဲ့သူမရှိသလောက်ကို ရှားပါတယ် . အခုက pagemaker အသုံးပြုပုံအသုံးပြုနည်းကို အသေးစိတ်ရေးသားထားတဲ့ စာအုပ်လေးကို ရှယ်ပေးလိုက်ပါတယ် . အဆင်ပြေနိုင်ကြပါစေဗျာ ..

Download ifile.itDownload mediafireDownload 4sharedDownload rapidshareDownload megaupload

Data communication (မြန်မာလို)





Data ချိတ်ဆက်ပုံ ချိတ်ဆက်နည်းကို အသေးစိတ်ရေးပေးထားတာပါ . အတော်လေးကို ကောင်းပါတယ် . လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ .

Download ifile.itDownload mediafireDownload rapidshareDownload 4sharedDownload megaupload

Microsoft Access 2002 (မြန်မာလို)

icrosoft Access 2002 အကြောင်းကို လေ့လာချင်သူများ အတွက် တင်ပေး လိုက်တာပါ . အားလုံးအဆင်ပြေ ကြမယ်လို့ မျှော်လင့်ပါတယ် .. မြန်မာလိုရေးထားတဲ့ စာအုပ်လေးပါ .
(ဘာ့ကြောင့် rapidshare လင့်တွေကို တင်ထားရတာလဲ ဆိုတာကို ပြောပြချင် ပါတယ် . ညီလေးတစ်ယောက်က ပြောထားတာတွေ့လို့ပါ . လူတိုင်းက ဘာ့ကြောင့် rapidshare ကို မစွန့်လွှတ်နိုင်ရတာလဲဆိုရင် .....

၁-Download ဆွဲတဲ့နေရာမှ Premium အကောင့်နဲ့ဆို အရမ်းမြန်ပါတယ်
၂- Premium အကောင့်နဲ့ ဖိုင်တင်ထားရင် အဲ့ဒီ့ဖိုင်ဟာ တစ်ခြားလင့်တွေမှာတင်သလို ရက်အကန့်အသတ်မရှိပါဘူး .. ဖိုင်ကို ကိုက မဖျက်သမျှ link ဘယ်တော့မှ မသေပါဘူး ..
အဓိကက Link မသေလို့ တင်ထားပေးတာအပြင် . မြန်မာနိုင်ငံက မဟုတ်တဲ့သူတွေအတွက် download လုပ်လို့ရအောင် တင်ထားပေးတာပါ . ကျွန်တော့် သူငယ်ချင်းတွေအကုန်လုံးက မြန်မာပြည် ကချည်းမဟုတ်ပါဘူး . တစ်ခြားနိုင်ငံတွေ ကလူတွေလဲပါပါတယ် . အဲ့ဒါကြောင့်ပါ .

Download ifile.it ၊ Download rapidshareDownload 4sharedDownload megauploadDownload mediafire

acrobat reader (မြန်မာလို)


Acrobat အသုံးပြုပုံ အသုံးပြုနည်းကို အသေးစိတ် ရှင်းပြထားတဲ့ စာအုပ်လေးပါ . တစ်ကယ့်ကို အသုံးဝင်ပါတယ် .

Download mediafireDownload ifile.itDownload 4sharedDownload megauploadDownload rapidshare

Microsoft Word 2002 (မြန်မာလို)


Microsoft word 2002 စာအုပ်လေးပါ . မြန်မာလိုပဲ ရှင်းပြထားတာပါ . အတော်ကောင်းပါတယ် . စာရင်း ဇယားများနှင့် မကင်းသူများ Download ဆွဲကြပါ . လင့်တွေကတော့ တော်တော်များတယ်နော် . အဆင်ပြေတဲ့ လင့်ကသာ ဒေါင်းကြဗျာ .

Download ifile.itDownload megauploadDownload mediafireDownload rapidshareDownload 4shared

FrontPage2002 (မြန်မာလို)


ဝဘ်ဆိုက်ကို front page နှင့်ရေးချင်သူများအတွက် လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ . ကိုသန်ရာသန်ရာနဲ့ လုပ်ကြပါ . ကိုအားသန်ရာနဲ့ လုပ်မှလဲ ကိုလုပ်တဲ့ ၀ဘ်ဆိုက်ဟာ အဆင်ပြေပြီး လက်ရာသန့်သန့်ထွက်လာမှာပါ ..

Download ifile.itDownload rapidshare ၊ Download mediafireDownload megauploadDownload 4shared

Introduction to Computer Science (မြန်မာလို)


Introduction to Computer Science (ကွန်ပျူတာသိပ္ပံ မိတ်ဆက်) ဆိုတဲ့ စာအုပ်လေးပါ . ကွန်ပျူတာတစ်လုံးရဲ့ လည်ပတ်မှုပုံစံကို အသေးစိတ် ရှင်းပြထားတာပါ . ကွန်ပျူတာတစ်လုံးရဲ့ အလုပ်လုပ်ပုံနည်းစနစ်ကို ကွန်ပျူတာသမားတိုင်း သိထားသင့်ပါတယ် .

Download 4sharedDownload ifile.itDownload mediafireDownload megaupload

bagannet ip ချိတ်ဆက်နည်း စာအုပ်ပါ

ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ် .. ပုဂံနက် အိုင်ပီ ချိတ်ဆက်နည်းကို ပုံတွေနဲ့ ရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ် .

Download ifile.itDownload megauploadDownload mediafireDownload rapidshareDownload 4shared

CSS အကြောင်း (မြန်မာလို)



CSS အကြောင်းကို မြန်မာလို ရေးထားတာပါ .. ၀ဘ်ဆိုက်ရေးတဲ့သူတိုင်း css တို့ html တို့နဲ့ မကင်းကြပါဘူး .. ကိုစေတန်ရေးထားတဲ့စာအုပ်လေးပါ .. သူတို့ကို သိမှ ဆိုက်ကို ကိုင်တွယ်ရတာ လွယ်ကူသလို ၀ဘ်ဆိုက်တစ်ခု လှပဖို့လဲ လွယ်ကူတာပါ .

Download ifile.itDownload megauploadDownload mediafireDownload rapidshareDownlod 4shared

မျိုးသူရေရေးသည့် ကွန်ပျူတာမှ ကွန်ယက်ဆီသို့ (မြန်မာလို)


မျိုးသူရေရေးသည့် ကွန်ပျူတာမှ ကွန်ယက်ဆီသို့ စာအုပ်ပဲဖြစ်ပါတယ် . အင်တာနက် ချိတ်ဆက်ပုံ ချိတ်ဆက်နည်းကို အသေးစိတ် ရေးထားတာဖြစ်လို့ လေ့လာသင့်တဲ့ စာအုပ်လေးပါ . နိုင်ငံခြားရောက်နေတဲ့ သူတွေအဖို့တော့ အရမ်းကို လိုချင်နေတဲ့ စာအုပ်တစ်အုပ်ပါပဲ ..

Download ifile.itDownload mediafireDownload megauploadDownload 4shared

Adobe indesign cs3 (မြန်မာလို)


တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ် . Adobe indesign cs3 မြန်မာလို ရေးထားတဲ့ စာအုပ်လေးပါ . pagemaker ကတော့ နောက်ကောက်ကျန်ခဲ့ပြီလေ . indesign ကတော့ pagemaker အစား နောက်ထက်ထွက်တဲ့ new version program ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ

Download ifile.it | mediafire | Zshare | Ziddu | Megaupload

cracking ဆိုတာ ဘာလဲ (မြန်မာလို)


ဒီစာအုပ်ကို programming ပိုင်း နားလည်တဲ့ သူအတွက် မခဲယဉ်းပေမယ့် နားမလည်တဲ့သူ အတွက်တော့ နည်းနည်းလေး ရှုပ်နေမယ်ထင်တယ် . ဒါပေမယ့် ဖတ်ထားသင့်တဲ့စာအုပ်လေးပါ . ဖတ်ကြည့်လိုက်ပါ သဘောတရားကို နားလည် သွားတာပေါ့ . ဟုတ်ပြီလား . လိုချင်ရင် အောက်မှာ download လုပ်လိုက်ပါ.


Download ifile.it | Mediafie | Zshare | Ziddu | Megaupload

အဆင့်မြင့် ကွန်ပျူတာ အသုံးပြုနည်း (မြန်မာလို)


ဒါကတော့ အင်တာနက် ဘယ်လိုသုံးမလဲနှင့် Blog တွေကို ဖန်တီးဖို့ အကြောင်း အရာ တွေကို ရေးသားထားတာပါ . ဖတ်သင့်ပါတယ် . ဒေါင်းထား ပြီးတော့ အားတဲ့အချိန် ဗဟုသုတအနေနဲ့ဖတ်ကြပါ .

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

ကွန်ပျူတာ ပြုပြင်ချင်းဆိုင်ရာ သိသင့်ချက်များ (မြန်မာလို)

ကျွန်တော်လဲ ကိုယ်တိုင် pdf စာအုပ်ကလေးတွေ ကိုယ်တိုင် မလုပ်နိုင်သေးတော့ သူများ လုပ်ထားပြီးသား ကောင်းနိုးရာရာလေးတွေ ချည်းကိုပဲ တင်ပေးနေရတာ အားတော့နာပါတယ် . အချိန်ရရင်တော့ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ် . စိတ်မပူပါနဲ့ ထိုင်းကိုရောက်နေပြီ ဆိုတော့ အစီအစဉ်သစ်တွေ ဆွဲထားပါတယ် . နေ့တိုင်း Update ဖြစ်အောင် ဆိုက်ကို ကြိုးစားပြီးရေးသွားမှာပါ. အခုစာအုပ်ကလေးကတော့ ကွန်ပျူတာပျက်ရင် စဉ်းစားတွေးခေါ်ရမယ့် အချက်ကလေးတွေကို ရေးပေးထားတာပါ . မသိသေးတဲ့သူများ အတွက်တော့ အသုံးဝင်မယ်ထင်ပါတယ် . လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ .

Microsoft Visual Basic 6.0 (မြန်မာလို)

ဒီစာအုပ်ကလေးကတော့ ကကကွန်က ရေးထားတာလေးပါ virtual basic 6 အကြောင်းကို ပြည့်ပြည့်စုံစုံ လေးရေးပေးထားပါတယ် . လိုချင်တဲ့သူများကတော့ ထုံးစံအတိုင်း အောက်မှာ download လုပ်ကြပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပိပါတယ် .

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

window vista တင်နည်း (မြန်မာလို)

ဒါကတော့ window vista ကို ဘယ်လို ၀င်းဒိုးတင်ရမယ်ဆိုတာကို မသိတဲ့သူများအတွက် ပြုလုပ်ပုံ အဆင့်ဆင့်ကိုရေးထားတာပါ . window မတင်တတ်သူများ ဖတ်ထားသင့်ပါတယ် .

လိုချင်တဲ့သူများ အောက်မှာ Download လုပ်ဖို့ တင်ပေးပါတယ် .

Download ifile.it
| Mediafire | Zshare | Ziddu | Megaupload

Networking အကြောင်း စာအုပ် (မြန်မာလို)

ဒါလေးကတော့ networking အကြောင်း ရေးပေးထားတဲ့ စာအုပ်ကလေးပါ . သူကလဲ ဖတ်ထားသင့်ပါတယ် . ဖတ်ချင်တဲ့သူများ အောက်မှာ download လုပ်ထားလိုက်ပါ .

Download ifile.it | mediafire | Zshare | Ziddu | Megaupload

window 7 တင်နည်း (မြန်မာလို)

အခုနောက်ဆုံး နာမည်ကြီးနေတာကတော့ window 7 ပါ . ကိုယ်တိုင် window တင်ချင်သူများ. လက်တည့်စမ်းလို့ရပါတယ် . သိပ်မခက်ပါဘူး . ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးပေးထားပါတယ် . အဆင်ပြေပါဗျာ

Download ifile.it | zshare | Megaupload| ziddu | Megaupload

Nero အသုံးပြုနည်း လက်စွဲ (မြန်မာလို)


ဒါကတော့ ညီလေးတစ်ယောက် chat box မှာ တောင်းဆိုထားတာတွေ့လို့ တင်ပေးလိုက်ပါတယ် . Nero မှာပါပဲ Tools တွေကို ဘယ်လိုသုံးမလဲ ဆိုတာကို ရှင်းပြထားတာပါ . အဆင်ပြေပါလိမ့်မယ် . လိုချင်ရင် အောက်ကနေ download လုပ်ပြီး ယူလိုက်ပါ ။ .

Download ifile.it | Mediafier | Zhare | Ziddu | megaupload

photoshop tutorial (english)


ဒါကတော့ အင်္ဂလိပ်လို ဓါတ်ပုံတွေနဲ့ သေချာ ပြောပြထားပါတယ် . လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ .

Download ifile.it | Mediafire | Zshare | Zuddu | Megaupload

Photoshop tutorial စာအုပ်များ (မြန်မာလို)


ကဲ ဒါကတော့ တောင်းထားတာကတော့ ကြာပါပြီ စုပြီးတော့ ၃ အုပ်တင်ပေးလိုက်တယ် . အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . နောက်ပိုင်းကျွန်တော် Plugin လေးတွေကို တင်ပေးပါဦးမယ် . ခုတော့ ဒီစာအုပ်ကလေးတွေထဲကအတိုင်း စမ်းပြီးတော့ ဒီဇိုင်းလေးတွေ လုပ်ကြည့်လိုက်ပါ . အာလုံးအဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Download ifile.it | mediafire | Zshare | Ziddu | megaupload

Ubuntu Linux မှာ မြန်မာဖောင့်သွင်းနည်း


ကဲ ubuntu ကို စမ်းသုံးနေသူများ မြန်မာဖောင့် မထည့်တတ်တဲ့အခါ အကူအညီရအောင်လို့ ဒီစာအုပ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ . အဆင်ပြေမယ်လို့
 မျှော် လင့်ပါတယ် . လိုချင်ရင် အောက်မှာ download လုပ်လိုက်ပါ .

Download ifile.it | Mediafire | Zshare | Ziddu | megaupload

Corel Draw အသုံးပြုနည်း (မြန်မာလို)



ကဲ မလုပ်တတ်တဲ့သူများ ကြည်ပြီးတော့ လုပ်ကြည့်လိုက်ပါ. အားလုံး အဆင်ပြေသွားလိမ့်မယ် . software ကတော့ တင်ထားပြီးသားထင်တယ် မတင်ရသေးဘူး ဆိုလဲ ပြ
န်တင်ပေးပါ့မယ် . 
 
Download ifile.it | Megashare | Zhare | Ziddu | Megaupload

Joomla ၀ဘ်ဆိုက်တစ်ခုဖြစ်အောင် ဘယ်လို တည်ဆောက်မလဲ


ဒီစာအုပ်ကတော့ joomla ၀ဘ်ဆိုက်တစ်ခုလုပ်ဖို့အတွက် ရေးပေးထားတဲ့ စာအုပ်လေး တစ်အုပ်ပါ . အတော်လေးအဆင်ပြေပါတယ် . နားမလည်တဲ့သူတွေလဲ ဖတ်ပြီးတော့ လက်တည့်စမ်းကြည့်ပေါ့ . အဆင်ပြေမှာပါ . ကဲလိုချင်ရင် အောက်မှာ download ဆွဲလိုက်ပါ


Download ifile.it | Mediafire | Zshare | Ziddu | Megaupload

mp3 mp4 လုပ်ဆောင်ချက်နှင့်ပြဿနာဖြေရှင်းနည်း (မြန်မာလို)



ဒါကတော့ mp3, mp4 တွေကို အသုံးချနည်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြရေး သားထားတာပါ . mp3 mp4 ကိုင်နေတဲ့ သူများအတွက်တော့ ဖတ်ထားသင့်တာပေါ့ မဟုတ်ဘူးလား . ကျွန်တော်ကတော့ သိပ်မသုံးဖြစ်ဘူး . ခုရေးထားတာ မြန်မာလိုနော် . သေချာနားလည်အောင်ဖတ်ပေးပါ ။ ခဏခဏ မေးနေကြလို့ တင်ပေးလိုက်တာပါ။


Download ifile.it | Mediafire | Zshare | Zidu | Megaupload

အင်တာနက်သုံး ၀ဘ်ဆိုက်လိပ်စာများစုစည်းထားသည့် စာအုပ်


ဒါကတော့ 3D အကြောင်း စိတ်ဝင်စားတဲ့သူများအတွက် အထောက် အကူဖြစ်မှာတော့ သေချာပါတယ် . တစ်ခြားသူတွေလဲ 3D design တွေကို စမ်းပြီးတော့ လုပ်ကြည့်ချင်တယ် ဆိုရင်တော့ Download လုပ်ပြီးတော့သာ စမ်းကြည့်ကြပါ . အားလုံးအဆင်ပြေ လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..


Download ifile.it
| Mediafire | Zshare | Ziddu | Megaupload

အင်တာနက်သုံး ၀ဘ်ဆိုက်လိပ်စာများစုစည်းထားသည့် စာအုပ်

ဒီစာအုပ်ထဲမှာတော့ ကဏ္ဍတွေခွဲပြီးတော့ ၀ဘ်ဆိုက်လပ်စာတွေကို စာရင်းပြုစုထားပါတယ် . စာဖတ်သူများ မသိသေးတဲ့ လိပ်စာတွေလဲ အများကြီး ရှိပါတယ် . နည်းပညာ၊ လူမှု့ရေး၊ ပညာရေး အစရှိသည့်ခေါင်းစဉ်များဖြင့် ၀ဘ်ဆိုက်များကို ပေါင်းစည်းပြီးတော့ ထည့်ပေးထား ပါတယ် . တစ်ခုခုလိုအပ်လို့ လိုက်ရှာနေမယ်ဆိုရင် အချိန်မကုန်တော့ဘူးပေါ့ . ထည့်ထားတဲ့လိပ်စာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် နောက်ထပ်လဲ ကျန်နေပါသေးတယ် . လတ်တလော သိသလောက် Popular ဖြစ်တဲ့ ဆိုက်တွေကိုပဲ ထည့်ရေးပေးထားတာပါ . စိတ်ဝင်စားမယ်ဆိုရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ ။

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

window 7 အသုံးပြုနည်းလက်စွဲ (မြန်မာလို)


ဦးအောင်လင်း ရေးသားထားတဲ့ window 7 အသုံးပြုနည်း လက်စွဲပါ။ window 7 ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးတဲ့သူများ ဖတ်ထားသင့်ပါတယ် . xp ကနေ window 7 ပြောင်းတဲ့အချိန်မှာတော့ နည်းနည်းကြောင်တတ်ပါတယ် . ဒါပေမယ့် သိပ်မကွာပါဘူး . တစ်ချို့တစ်လေလောက်ပဲ ပြောင်းသွားတာပါ . လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ ။




Download ifile.it | Mediafire | Zshare | Ziddu | Megaupload

cracker Guide 2.1


ဒါကတော့ ညီလေးတစ်ယောက် chat box ထဲမှာ ပေးလိုက်လို့ ထပ်တင်ပေး လိုက်ပါတယ် . 2.1 version အသစ်ပါတဲ့ ဖတ်ချင်တဲ့ သူများကတော့ အောက်မှာ Download လုပ်ပြီးတော့ ဖတ်ကြည့်လိုက်ကြပါ။

နောက်ပြီးတော့ သူငယ်ချင်းတို့ဆီမှာလဲ နည်းပညာနှင့်ပတ်သက်တဲ့ စာအုပ်များရှိရင် konyinaymin@gmail.com သို့ ပေးပို့ပေးနိုင်ပါတယ် . ကျွန်တော့်ဆိုက်မှာ မရှိတဲ့ စာအုပ်တွေ ရှိနေပါသေးတယ် .


Download ifile.it | Mediafire | Ziddu | Megaupload

iphone jail break လုပ်နည်း


iphone jail break လုပ်နည်းစာအုပ်ကလေးပါ . နောက်ထပ် အသေးစိတ်ကို ကျွန်တော် ရေးပြီးတော့ ထပ်တင်ပေးပါဦးမယ် .လတ်တလော တော့ မေးထား တဲ့ ကြွေးလေးတွေကို အရင်ဦးဆုံးဖြေပေးလိုက်ပါဦးမယ် . သူများလုပ်ထား တာလေးတွေကို တင်ပေးနေရတော့ အားတော့နာပါတယ် . ကိုယ်ကိုယ်တိုင်က အချိန်မပေးနိုင်တဲ့အတွက်လဲပါပါတယ် . လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ .


Download ifile.it | Mediafire | Zshare | Ziddu | Megaupload

Corel Draw x4 Art Design Guide (မြန်မာလို)


ဒီစာအုပ်ကတော့ သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ . Graphic design သမားများ စိတ်ဝင်စားမယ်ဆိုရင် ဖတ်လို့ရပါတယ် . ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ . အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ် . လိုချင်သူများ အောက်မှာ Download လုပ်လိုက်ပါ .

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

video editing တည်းဖြတ်ရေး (မြန်မာလို)


video တည်းဖြတ်ရေး သမားများ အတွက် video editing တည်းဖြတ်ခြင်း လမ်းညွှန် စာအုပ်ပါ. အားလုံးနီးပါး စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ် . စာအုပ်ထဲမှာပါတဲ့ video editing program ကိုလဲ ကျွန်တော် တင်ပေးပါ့ဦးမယ် . အဆင်ပြေ ပါစေလို့ မျှော်လင့်ပါတယ် . လိုချင်ရင်တော့ အောက်မှာ Download လုပ်လိုက်ပါ။


Download ifile.it | Mediafire | Zshare | Ziddu | Megaupload

A+ စာမေးပွဲအတွက် သိထားသင့်တဲ့ မေးခွန်းနှင့်အဖြေများ (မြန်မာလို)


ဒီစာအုပ်ကလေးကတော့ A+ သမားများအတွက် လုံးဝသိထားသင့်တဲ့ အကြောင်း အရာတွေချည်းကိုပဲ ထုတ်နှုတ်ရေးသား ထားတာပါ. ပြီးတော့ ဗဟုသုတအနေနဲ့ ဘယ်လိုစာမေးပွဲတွေ ရှိတယ်ဆိုတာကိုလဲ ထည့်သွင်းရေးသား ထားပါတယ်. ဒီစာအုပ်ကိုတော့ ကွန်ပျူတာ အခြေခံပိုင်း သိထားတဲ့သူတွေအဖို့ ဖတ်ထားသင့်ပါတယ်. ဒါမှလဲ မေးလာတဲ့ မေးခွန်းအတွက် လွယ်လင့် တကူ ဖြေဆိုနိုင်မှာပါ. အားလုံးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

mirrorcreator | ifile.it | mediafire | zshare | ziddu | megaupolad

အကောင်းဆုံး virus ကာကွယ်နည်း (မြန်မာလို)


ဒါကတော့ ကွန်ပျူတာ တစ်လုံးကို virus ဘယ်လို ၀င်ရောက်နိုင်တယ်။ ဘယ်လို virus တွေကို ကာကွယ်ရမယ် ဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ကလေးပါ. ဆရာဦးအေးကို ရေးထားတာပါ. အရမ်းကိုကောင်းပါတယ်. ကွန်ပျူတာ သမားတိုင်း program တိုင်းနဲ့ မရင်းနှီးနိုင်ပေမယ့် virus တိုင်းလိုလိုနဲ့တော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်နေရမှာ ဖြစ်ပါတယ်. အင်တာနက်သုံးတဲ့ သူတိုင်းကိုမှ virus မိတာ မဟုတ်ပါဘူ. အင်တာနက်မသုံးပဲ flash drive တွေ external HDD တွေ၊ တစ်ချို့ VCD (or) DVD တွေကနေ တစ်ဆင့် မှလည်း virus ၀င်နိုင်ပါတယ်. အဲ့ဒီ့အတွက်ကြောင့် ဒီစာအုပ်ကလေးကိုတော့ မဖြစ်မနေ Download လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်. အားလုံးအဆင်ပြေမယ်ဆိုရင် ကျွန်တော် ပင်ပန်းရကြိုးနပ်ပါတယ်.

Mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload

ကွန်ပျူတာတစ်လုံးအားကိုယ်ပိုင်တည်ဆောက်ခြင်း (မြန်မာလို)


ကွန်ပျူတာတစ်လုံးအား ကိုယ်ပိုင်တည်ဆောက်ခြင်း

ကဲ ဒီနေ့တော့ ကျွန်တော် ကွန်ပျူတာ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အားလုံးကို လင့်သေနေတဲ့ စာအုပ်တွေရှိနေလို အားလုံးကို ပြန်ပြီးတော့ မစစ်နိုင်တော့တဲ့အတွက်ကြောင့်မို့ အားလုံးကို အသစ်ကနေ စပြီးတော့ တင်ပေးမှာဖြစ်ပါတယ်။
      အခုတင်ပေးလိုက်တဲ့ စာအုပ်ကတော့ ကွန်ပျူတာတစ်လုံးကို မိမိကိုယ်တိုင် ဘယ်လို တပ်ဆင်ရောင်းချမယ်၊ ကွန်ပျူတာတစ်လုံးကို ဘယ်လို တည်ဆောက်မယ် ဆိုတာတွေကို စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်ယ်။ ကွန်ပျူတာဆိုတာ တွေ့ကရာ motherboard ကိုဝယ် တွေ့ကရာ Ram and CPU တွေကို တတ်လို့မရပါဘူး။ ကိုက်ညီတဲ့ motherboard အဲ့ motherboard က support လုပ်တဲ့ cpu chipset တွေနဲ့ အဲ့  Ram ကို ဘယ်လို ရွေးချယ်ရမယ်ဆိုတာကို အဲ့အထဲမှာ စာဖတ်ပရိတ်သတ်များ မသိသေးသည့်၊ မဖတ်ရသေးသည့် အကြောင်းအရာများစွာ ပါဝင်ပါသည်။ တင်ပေးသည့် စာအုပ်များတွင် ရှိပြီးသားစာအုပ်များကို ချန်ခဲ့ပြီး မိမိတွင် မရှိသည့် စာအုပ်ကို Download လုပ်လိုက်ပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

(ရှိသမျှ မြန်မာနည်းပညာစာအုပ်များအားလုံးကို ပြန်တင်ပေးပါမည်)

ကိုယ်ပိုင် wordpress တည်ဆောက်ခြင်း (မြန်မာလို)


Wordpress ဖြင့် ၀ဘ်ဆိုက်တစ်ခု ဘယ်လို တည်ဆောက်ရမယ် ဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ကလေးပါ. ကျွန်တော်တို့ တွေ ဟိုးအရင်တုန်းက စာအုပ်ကလေးများကို အမှတ်တရ အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ တစ်ချို့ စာအုပ်ကလေးတွေက နည်းပညာလောက ထဲကို ၀င်ရောက်လာဖို့ တွန်းအားပေးခဲ့တဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲ့စာအုပ်လေးတွေကို ဖတ်စေချင် ပါတယ်။ လေ့လာစေချင်ပါတယ်။ မူရင်းပုံစံအတိုင်းပဲ တင်ပေးလိုက် ပါတယ်။ တစ်ချို့အမှတ်တရ စာအုပ်ကလေးတွေကိုပါ မူရင်းအတိုင်း တင်ပေးမှာ ဖြစ်ပါတယ်. Download လုပ်ဖို့သာ အားတင်းထားပါ။ ရှိသမျှ စာအုပ်အကုန်လုံးကို တင်ပေးထားမှာပါ။ တစ်ကနေ ပြန်စတာပေါ့။ တစ်ချို့ Download link တွေက သေကုန်ကြလို့ ဘယ်စာအုပ်က သေတယ်ဆိုတာ လိုက်မစစ်နိုင်တော့လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ 


Download ifile.it | Mediafire | Minus

Photoshop ကမ္ဘာသို့အလည်တစ်ခေါက်လာခဲ့ပါ (မြန်မာလို)


Photoshop အကြောင်းနှင့် အချို့စာအုပ်များတွင် မပါသည်များကိုပါ ပေါင်းစပ် ထည့်သွင်းပြီး ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်. ဓါတ်ပုံလေး ပြင်တတ်ယုံနဲ့တော့ Desinger တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ရိုးရိုး user lavel အဆင့်အနေနဲ့ပဲ ဖြစ်နေမှာပါ။ ကိုယ့်ကိုယ်ကို professional user တစ်ယောက်ဖြစ်ချင်ရင်တော့ အခုလို စာအုပ်မျိုးကို မဖြစ်မနေ ဖတ်ထားသင့်ပါတယ်. Photoshop ကို ပြင်တဲ့နေရာမှာ ရင်ဘတ်ထဲက ခံစားချက်နဲ့ အရောင်ကို လိုက်ဖက်တဲ့ သီးခြားအရောင်နဲ့ ပေါင်းစပ်မှု့တွေ၊ အလင်းပေးမှု့တွေ၊ ဖြာထွက်ပုံအနေအထား၊ စတာတွေကို ဦးနှောက်ထဲမှာ အရင်စီ ပြီးတော့မှ ဒီဇိုင်းစဆွဲပါ ကောင်းမွန်တဲ့ ဒီဇိုင်းတစ်ခု ထွက်လာပါလိမ့်မယ်။ အဲ့တော့ အရေးအကြီးဆုံးကတော့ အနုပညာအခံရှိဖို့လိုပါတယ်. Photoshop ဆိုတာ ပြုပြင်တဲ့သူရဲ့ လက်ထဲကနေပဲ ထွက်လာတဲ့ ပုံစံဒီဇိုင်းချင်း၊ လှပမှု့ချင်း ကွဲပြားသွားတာပါ။ ဒါဟာ ပြုလုပ်တဲ့ user တွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ ဒီစာအုပ်ကတော့ photoshop ကိုမှ တကယ်စိတ်ဝင်စားပါတယ်ဆိုတဲ့သူများ မဖြစ်မနေ ဖတ်လိုက်ရမှာ ဖြစ်ပါတယ်။


Download ifile | Mediafiree | Minus

Adobe Illustrator ၏ အဓိကသော့ချက်များ (မြန်မာလို)


အဓိကထားပြောချင်တာကတော့ ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်သူဟာ photoshop တစ်ခုတည်းကို လက်ကိုင်ထားထားလို့မရပါဘူး။ တစ်ခြား photoshop ကနေ ခဏတာနဲ့ဖန်တီးလိုမရတဲ့ အရာတွေကို အခြား လွယ်ကူအောင် ဖန်တီးရယူနိုင်တဲ့ program တွေနဲ့ ပေါင်းစပ် ဖန်တီးရယူ ရပါတယ်။ အဲ့တော့ adobe Illustrator လို program မျိုးကလည်း adobe က ထုတ်တဲ့အတွက် ပေါင်းစပ်ပြီး လို့ရပါတယ်။ ဒီစာအုပ်ထဲမှာကတော့ Illustrator ရဲ့ အဓိက အချက်တွေကို ထောက်ပြ ပြောပြ ရှင်းပြထားပါတယ်။ အတော်လေးလည်း ကောင်းပါတယ်.  အဲ့တော့ တစ်ခုပြောပါရစေ အခုလိုမျိုး စာအုပ်တွေကို scan ဖတ်စာစီ ပြီးတော့မှ သေးငယ်ပြီး မ၀ါးတဲ့ pdf စာအုပ်တစ်အုပ်လုပ်ရတာ မချောင်ပါဘူး။ အဲ့လို အပင်ပန်းခံပြီးလုပ်ပေးနေတာ အပျော်သက်သက် လုပ်နေတာ မဟုတ်ကြပါဘူး။ အားလုံးရဲ့ ကိုယ်စီမှာ မ၀ယ်နိုင်တဲ့သူများ၊ ၀ယ်ချင်ရက်နဲ့ စာအုပ်ရှာမရသူများ၊ အဝေးတစ်နေရာ(နိုင်ငံရပ်ခြား)ရောက်နေသူများ၊ ၀ယ်ယူဖို့ခက်ခဲနေသူများအတွက် အပင်ပန်းခံပြီး ဒါတွေကို လုပ်ထားကြတာပါ။ ဒါပေမယ့် အားလုံးရဲ့ ရည်မှန်းချက်ကတော့ တစ်ခုတည်းပါပဲ။ မြန်မာလူငယ်များအားလဲး

Ifile.it | Mediafire | Minus

Web desinger's guide to photoshop (မြန်မာလို)


ဒါကတော့ Website Design သမားများအတွက် အဖော်မွန်ဆိုလည်း မမှားပါဘူး။  Web design အတွက် လမ်းညွှန်ပြထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။ ၀ဘ်ဆိုက်လုပ် ချင်တဲ့သူများ၊ ၀ဘ်ဆိုက်ကို ကိုယ်တိုင် ဖန်တီးချင်သူများ၊ ၀ဘ်ဆိုက်သဘောတရား ကိုနားလည်ချင်သူများကတော့ ဒီစာအုပ်ကို ဖတ်ပေးပါ။ ကျွန်တော်တို့ တုန်းက ဆိုရင် စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်ခဲ့ရတာပါ။ အခုကတော့ ရှေ့ကလူတွေ တူးထားပြီးသားတွင်းအတိုင်း လိုက်ယုံပါပဲ။ ကိုစွမ်းရင်တော့ နောက်ထပ်လူတွေ များများ ၀င်လို့ရအောင် ရှေ့ကလူထွင်ခဲ့တဲ့ အပေါက်ကို နည်းနည်း ချဲ့ပေး လိုက်ပေါ့။ ဒါဆိုရင် နောက်လူတွေလဲ လာရတာ ချောင်သွားတာပေါ့။  ဒါပေမယ့် အလကားရတယ်ဆိုပြီးတော့တော့ တန်ဖိုးမထား လုပ်လိုက်ရင် နောက်ကောက်ကျ သွားမှာပါပဲ။ အလကားပေးတာရဲ့ နောက်မှာ နာသုံးနာ ရှိပါတယ်။ စေတနာ၊ ဂရုဏာ၊ အနစ်နာ  ဒီနာသုံးနာကို ဂရုမစိုက်ဘဲ ဥပက္ကာပြုလိုက်ရင်တော့ မတတ်ယုံပဲ ရှိမှာပါ။ ပေးတဲ့သူဖက်ကတော့ တစ်ပြားတစ်ချပ်မှ မလျှော့သွားပါဘူး။ အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ။ မြန်မာလူငယ်တွေ အားလုံးနီးပါး နည်းပညာကို လက်လမ်းမီသလောက် လိုက်နိုင်ဖို့နဲ့ သူများနိုင်ငံကို သွားလုပ်ရင်တောင် အလုပ်ကြမ်းပဲရမှာပါ (ဥပမာ-ထိုင်း)

ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။

Ifile | Mediafire | Minus

window server 2008 (မြန်မာလို)



တော်တော်များများ မျှော်နေတဲ့ စာအုပ်လေးပါ. အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. ..ဟုတ်ကဲ့ကိုညီနေမင်းဆိုဒ်ကတစ်ဆင့် ခိုးလာတာပါ။

Download mirrorcreator | ifile.it | Mediafire | ziddu | zshare

Dos commands နှင့်လက်တွေ့အသုံးများ (မြန်မာလို)



ဒီစာအုပ်ကတော့ သန်းထိုက်(ရွှေရိပ်) ရေးတဲ့ Dos command အသုံးပြုနည်းစာအုပ်ပါ။သင်သာလိုချင်ခဲ့မယ်ဆိုရင်ဖြင့်အောက်မှာ အဆင်ပြောတဲ့လင့် down လိုက်ပါ။ ကိုညီနေမင်းဆိုဒ်က ကူးယူလာတာပါ သူခွင့်ပြုလိုက်မယိလို့မျှော်လင့်ပါတယ်။

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

Linux OS အကြောင်းနှင့် အသုံးပြုပုံ (မြန်မာလို)



 
 
 
Linux OS အကြောင်းကို မြန်မာလိုရှင်းပြထားပြီးတော့ အသုံးပြုပုံကိုလဲ အသေးစိတ် ရှင်းပြထားပါတယ် . စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကလေးပါ . စိတ်ပါဝင်စားမယ် ဆိုရင်တော့ ဖတ်သင့်ပါ. စမ်းချင်ရင်လဲ စမ်းလို့ရပါတယ် . လိုချင်ရင်တော့ အောက်မှာ

Download ifile.it | Mediafire | Ziddu | Megaupload

window registry အကြောင်း (မြန်မာလို)



                                 
 
 
 
 
 
 
 
window registry အကြောင်းကို အသေးစိတ် ရေးပေးထားတဲ့ စာအုပ်ကလေးပါ . အားလုံးကို ဖတ်စေချင်ပါတယ် . စာအုပ်လေးကလဲ ကောင်းလို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေကြလိမ့်မယ်လို့ လဲ မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ . တစ်ခုအဆင်မပြေရင် နောက်တစ်ခုနဲ့ download လုပ်လိုက်ပါ .

Download mirrorcreator

www.mirrorcreator.com ကို bagan က ban ထားတယ်ထင်တယ် . အဲ့ဒီ့လူများအတွက် အောက်မှာ Download လုပ်လိုက်ပါ.


Download mediafire | Download ifile.it | Download filefactory | Download zshare | Download rapidshre | Download ziddu

Facebook မှာ အရုပ်လှလှလေးနဲ့ ချက်ချင်တယ်ဆိုရင်


         နည်းတွေက လွယ်ပါတယ် ။ ချက်နေတုန်း ကိုယ်က ဘယ်ဟာနဲ့ အရုပ်ကို ပြချင်လဲ ။ ပြချင်တာကို အရုပ်ရဲ့ Codes ကို ကူးပြီး ထည့်လိုက်ပါ ။ အရုပ်ပုံအဖြစ်ပေါ်နေပါလိမ့်မယ် ။ ပျော်စရာလေးပေါ့ဗျာ ။

            
 New Facebook Smileys And Codes     [[f9.laugh]] New Facebook Smileys And Codes [[f9.sad]] New Facebook Smileys And Codes [[f9.angry]]
 New Facebook Smileys And Codes [[f9.sleepy]] New Facebook Smileys And Codes [[f9.shock]] New Facebook Smileys And Codes [[f9.kiss]]
 New Facebook Smileys And Codes [[f9.inlove]] New Facebook Smileys And Codes [[f9.pizza]] New Facebook Smileys And Codes [[f9.coffee]]
 New Facebook Smileys And Codes [[f9.rain]] New Facebook Smileys And Codes [[f9.bomb]] New Facebook Smileys And Codes [[f9.sun]]
 New Facebook Smileys And Codes [[f9.heart]] New Facebook Smileys And Codes [[f9.heartbreak]] New Facebook Smileys And Codes [[f9.doctor]]
 New Facebook Smileys And Codes  [[f9.ghost]] New Facebook Smileys And Codes [[f9.brb]] New Facebook Smileys And Codes [[f9.wine]]
 New Facebook Smileys And Codes [[f9.gift]] New Facebook Smileys And Codes [[f9.adore]] New Facebook Smileys And Codes [[f9.angel]]
 New Facebook Smileys And Codes [[f9.baloons]] New Facebook Smileys And Codes [[f9.bowl]] New Facebook Smileys And Codes [[f9.cake]]
 New Facebook Smileys And Codes [[f9.callme]]  New Facebook Smileys And Codes [[f9.clap]] New Facebook Smileys And Codes [[f9.confused]]
 New Facebook Smileys And Codes [[f9.curllip]] New Facebook Smileys And Codes [[f9.devilface]] New Facebook Smileys And Codes [[f9.lying]]
 New Facebook Smileys And Codes [[f9.rofl]] New Facebook Smileys And Codes [[f9.billiard]] New Facebook Smileys And Codes [[f9.cakepiece]]
 New Facebook Smileys And Codes [[f9.rosedown]] New Facebook Smileys And Codes [[f9.shutmouth]] New Facebook Smileys And Codes [[f9.shy]]
 New Facebook Smileys And Codes [[f9.silly]] New Facebook Smileys And Codes [[f9.tongue1]] New Facebook Smileys And Codes [[f9.fastfood]]
 New Facebook Smileys And Codes [[f9.ring]] New Facebook Smileys And Codes [[f9.plate]] New Facebook Smileys And Codes [[f9.candle]]
 New Facebook Smileys And Codes [[f9.party]]
အဆင်မပြေက ပြောကြားနိုင်ပါသည်
Powered by Blogger.

hainzar

Contact Form

Name

Email *

Message *

=> Customize first the code
.. - .